ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်
"ဂျိန်း... ဒိန်း...ဒလိန်း..." "တောက်...ဟာကွာ..$ပြသနာပဲ...မြို့ထဲ ဝင်ခါနီးမှကွာ..." သူ စိတ်မောသွားသည်။ ကားပေါ်မှဆင်းပြီး သူ့ကားဘောနက်ဖုံးကို ဖွင့်လိုက်ခါ အပြစ်လိုက်ရှာသည်။ သီပောမြို့ကို သူ အလုပ်ကိစ္စနဲ့ လာရင်း မြို့ဝင်ခါနီး ကားလမ်းမပေါ်မှာ သူ့ကားလေး ထိုးရပ်သွားသည်။ ဘောနက်ဖုံးသာဖွင့်ကြည့်သော်လည်း သူက စက်အကြောင်း နားလည်သူမဟုတ်။ ညကလဲ မှောင်ချေပြီလေ။